Wednesday, October 27, 2010

27th Oct : 2010

ဆောင်းဝင်လာနေပြီ...။
မနက် သင်တန်းသွားတော့ တော်တော်အေးနေပြီ..။
မိုးအုံ့နေတယ်...။
အခြေအနေ ကောင်းနေတယ်...။
မိုးဖွဲဖွဲ ရွာနေတယ်..။
..............................။
........................
..............................
မိုးဖွဲဖွဲ ရွာနေတယ်..။
ခွေးချေးပုံတက်နင်းမိတယ်...။
တောက် ....
နံလိုက်တာ..။
ကားတစ်စီးက 
မိုးဖွဲတွေထဲမှာ အေးအေးလူလူ အထီးကျန်ဆန်ဆန် ရပ်ထားတဲ့
ကိုယ့်ဆိုင်ကယ်ကို တိုက်မိတယ်..။
ကားပိုင်ရှင် ခွေးချေးပုံတက်နင်းမိပြန်တယ်..။
ဆိုင်ကယ်ရပ် ထားမိတဲ့ ကိုယ့်အပြစ်..။
ခွေးချေးပုံ မရှင်းမိတဲ့ ကိုယ့်အပြစ်...။
မိုးဖွဲဖွဲ ရွာနေတာလည်း ကိုယ့်အပြစ်...။
....................
တကယ်တော့...
ကိုယ့် အပြစ်ချည်းပါပဲ..။
အပြင်မှာ ...
မိုး ဖွဲဖွဲ ရွာနေတုန်းပဲ..။








1 comment:

  1. နင် ခံစားချက်နဲ့ရေးတယ်.. လေဘယ်လ် တပ်ထားတယ်.. ဒါမယ့် မနက်စောစောစီးစီး ခွေးချီး နင်းမိသူ ၂ ယောက်အကြောင်း ဖတ်မိတော့ ငါရယ်မိတယ်..
    အသံထွက်ပြီး ကျိတ်ရယ်တယ်... (တစ်အိမ်လုံး အိပ်ပျော်နေသူတွေ မနိုးအောင်)

    ReplyDelete