Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Friday, October 7, 2011

ကြည်နှူးခြင်း

မနက်ခင်းကို ရင်ဆိုင်ရတာ 
ကြည်နှူးစရာတခုဆိုရင်....

မေးလ်ရေးရတာ
ပြုံးရွှင်နေရတယ်ဆိုရင်...

ညနေတွေကို စောင့်မျှော်ရတာ 
ကိုယ့်ဆန္ဒတွေပဲဆိုရင်....

အပြန်အလှန် အနိုင်ယူစကားပြောရတာတွေက
ပျော်စရာတခုဆိုရင်...

အလျှော့ပေး ခေါင်းညိမ့်လက်ခံရတာတွေက 
ကိုယ်လိုလားချက်တွေပဲဆိုရင်....

မပြီးဆုံးနိုင်တဲ့ မက်ဆေ့ခ်ျတွေဟာ 
ကိုယ့်ပျော်ရွှင်မှုပဲဆိုရင်...

အချိန်မှန်လာတတ်တဲ့ ဖုန်းသံတွေကို 
ကိုယ်စောင့်စားနေဆဲ ဆိုရင်...

....................ဆိုရင်

...........................................ဆိုရင်....

....................ဆိုရင်....

.......................

................

..............................

မပြီးဆုံးနိုင်တဲ့ .......

............ဆိုရင်တွေ ကြားမှာ...

ကိုယ်ကြည်နှူးနေပါတယ်..။

Tuesday, August 23, 2011

၂၂-၀၈-၂၀၁၁နှောင်းပိုင်း

စိတ်တွေ မတည်ငြိမ်နိုင်ဘူး.။
စိတ်ရှုပ်တယ်..။
စိတ်ညစ်တယ်.။
စိတ်ကျတယ်.။
စိတ်ပျော့တယ်..။
စိတ်ခြောက်တယ်..။
စိတ်ကစားတယ်.။
စိတ် အတက်အကျမြန်တယ်..။
စိတ်မရေရာဘူး.။


ဝမ်းနည်းတယ်..။
ဝမ်းနည်း နေတယ်..။
ဝမ်းနည်းနေရတာ ရင်နာတယ်..။
ဝမ်းနည်းနေတဲ့ အကြောင်းကို ဖွင့်ပြောချင်တယ်..။
ဝမ်းနည်းနေတဲ့အကြောင်းကို ဖွင့်ပြောမိတယ်..။
ဝမ်းနည်းနေတဲ့အကြောင်းကို  မပြောသင့်သူကို အကြောင်းကြားမိတယ်..။

စိတ်တွေ လွှင့်နေတယ်..။
စိတ်တွေ လွှင့်နေတာ လိုက်လို့ မမှီအောင်ပဲ..။
စိတ်တွေ ပြေးနေတယ်..။
ခြေလှမ်းတွေ လိုက်လို့ မမှီအောင်ပဲ....စိတ်တွေ ပြေးနေတယ်..။
ခုံတန်းပေါ် ထိုင်ပြီး စိတ်တွေနောက် အပြေးလိုက်ချင်တယ်.။
မြက်ခင်းပေါ်လှဲပြီး စိတ်တွေနောက် အပြေးလိုက်ချင်တယ်..။
ဒါပေမဲ့...
မျက်ရည်တွေက ဦးသွားတယ်..။


Saturday, February 12, 2011

အရှုံး

ငါဟာ..
နာကျင်ရင်းနဲ့ သတိရမိနေတယ်..။
နာကျင်စွာနဲ့ တမ်းတနေတယ်..။
နာကျင်ခြင်းများစွာနဲ့ လွမ်းဆွေးနေတယ်....။
နာကျင်မှုတွေကြားမှာ ကြေကွဲနေတယ်..။
နာကျင်စွာနဲ့ မြေပုံမှာ အဖြေရှာမိနေတယ်..။
နာကျင်စွာနဲ့ပဲ စိတ်ကူးယဉ်နေတယ်..။
နာကျင်စွာနဲ့...ငိုကြွေးနေတယ်..
နောက်ဆုံးတော့...
ငါဟာ..
အရှုံးတွေချည်းပဲ...။

Wednesday, November 10, 2010

တနေကုန်

တနေကုန် စဉ်းစားနေတယ်..။
တနေကုန် တွေးနေတယ်..။
တနေကုန် ခေါင်းထဲမှာ ရှိနေတယ်..။
တနေကုန် လွမ်းနေတယ်..။
တနေကုန် ဆွေးနေတယ်..။
တနေကုန် ညောင်းညာနေတယ်.။
တနေကုန်  စကားပြောနေရတယ်..။
တနေကုန် မျက်စေ့အလုပ်လုပ်နေရတယ်..။
တနေကုန် စိုးရိမ်နေရတယ်.။
တနေကုန် ပူပန်နေရတယ်.။
တနေကုန် ပြုံးနေရတယ်..။
တနေကုန် ပျော်ချင်ဆောင်ယောင်နေရတယ်..။
တနေကုန် ပါပဲလေ..။


တကယ်တော့...

တနေကုန် ထိုင်နေချင်တယ်..။
တနေကုန် ငိုင်နေချင်တယ်.။
တနေကုန် တွေးနေချင်တယ်..
တနေကုန် ငေးနေချင်တယ်..။
တနေကုန် မှိုင်နေချင်တယ်..။
တနေကုန် မပြုံးချင်ပါဘူး..။
တနေကုန် တိတ်တိတ်ဆိတ်ဆိတ် နေချင်တယ်.။
တနေကုန် ဖွင့်ဟနေချင်တယ်..။
တနေကုန် ဆိုးချင်နေတယ်..။
တနေကုန် အနိုင်ယူချင်နေတယ်.။
တနေကုန် ပြဿနာရှာချင်နေတယ်..။
တနေကုန် အပြစ်ရှာချင်နေတယ်..။
တနေကုန်ပါပဲလေ..။




Tuesday, November 9, 2010

ဥပေက္ခာ

မနက်က နှာစေးချင်သလို..ချောင်းဆိုးမလိုလိုနဲ့..
ဖျားချင် သလိုဖြစ်နေတယ်..။
ကိုယ်ပူချင်နေပေမယ့် ဆေးမသောက်ရဲ...။
ဘာရယ်မဟုတ် အားငယ်နေတယ်..။
အလွတ်ရနေတဲ့ ဖုန်းကို မဆက်ရဲ..။
အလွတ်ရနေတဲ့ အတွေးတွေနဲ့ပဲ.................
...........................။

စိတ်ချင်း နားလည်ခဲ့တယ်..။
စိတ်ချင်း နားလည်မှုတွေ လွှဲခဲ့တယ်..။
စိတ်ချင်း အားပေးခဲ့တယ်..။
အခုတော့ ဥပေက္ခာစိတ်တွေ အားသာနေဆဲ...။

ကြိုးစားပြီး မခင်ခဲ့ပါဘူး..။
ကြိုးစားပြီးလဲ မတွယ်တာဘူး..။
မလွမ်းအောင်တော့ ကြိုးစားနေဆဲ..။
ဆွေးနေမှတော့ ပြတ်ထွက်သွားအောင် အချိန်ယူရမှာပဲ..။





 

Sunday, November 7, 2010

ခြေပစ်လက်ပစ်



အရာရာ..ကို ခြေပစ် လက်ပစ် တွေးချင်တယ်..။
အရာရာကို ခြေပစ်လက်ပစ် ကြည့်ချင်တယ်..။
အရာရာကို ခြေပစ်လက်ပစ်ပဲ ငေးချင်တယ်..။

တကယ်တော့..
ဦးနှောက်တွေ ယိုဖိတ်နေတယ်..။
ကိုယ့်ရဲ့ သေချာလှတဲ့ မျက်ဝန်းတွေ ခိုးယူသုံးစွဲခံရတယ်..။

ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းဆိုပေမယ့် ...
ကိုယ် ခံနိုင်ရည် မရှိဘူး..။
...........
............
.......................။


မှတ်ချက် ။  ။ပုံကို အင်တာနက်မှ ကူးယူအသုံးပြုပါသည်..။
 










 

Friday, November 5, 2010

5th Nov: 2010


မနက် မိုးဖွဲဖွဲရွာနေတယ်..။
ကိုယ်မဆုံချင်တဲ့ သင်တန်းဆရာနဲ့ သင်ရတယ်.။
စိုးရိမ်သလို ဖြစ်မိပေမယ့် မစိုးရိမ်တော့ဘူး။
အမှားဖြစ်မှာလဲ မကြောက်တော့ဘူး.။
အဆင်ပြေခဲ့သလိုပဲ...။


လူတွေ..
စိတ်တွေ..
သတင်းတွေ..
အတင်းတွေ...
ကိုယ့်ဘဝဟာ လုံးချာလိုက်နေတယ်..။

မပြီးဆုံးနိုင်တဲ့ အလုပ်တွေ..
မပြီးဆုံးနိုင်တဲ့ စာရင်းတွေ...
ဝိုင်းရံနေတဲ့ မျက်လုံးတွေ...
မယုံကြည်ကြတဲ့ သံသယတွေ...ကြားမှာ...
ကိုယ့်စိတ်တွေ မတည်ငြိမ်ဘူး..။

ကိုယ့်စိတ်တွေ စွန့်ပစ်ခံထားရတယ်..။

Thursday, November 4, 2010

ဒီနေ့

ဒီနေ့..



......................
ထင်ထားတာတွေ တလွှဲစီဖြစ်နေတယ်..။
လွှဲနေတာ မဟုတ်ဘူး..။
မှားနေတာပါ..။
ဝမ်းနည်းနေတယ်..။
ဒီအတွက် ................
ကိုယ့်ကိုယ်ကို အားမရဘူး..ဖြစ်နေတယ်..။
ကိုယ့်ကိုယ်ကို သနားနေတယ်..။
ကိုယ့်ကိုယ်ကို မုန်းနေတယ်..။
ကိုယ့်ကိုယ်ကို အပြစ်တင်နေတယ်..။
ကိုယ့်ကိုယ်ကို ဝေဖန်နေတယ်..။
ကိုယ့်ကိုယ်ကို သုံးစားမရသူ ဖြစ်နေတယ်..။
ကိုယ့်ကိုယ်ကို ...............
...........................
တကယ်တော့ 
ကိုယ်ဟာ သောက်သုံးမကျသူတစ်ယောက်ဖြစ်တယ်..။
ကိုယ်ဟာ ပျော့ညံ့သူ..။
ကိုယ်ဟာ အညှာလွယ်သူ..။
ကိုယ်ဟာ မျက်ရည်လွယ်သူ..။
ကိုယ်ဟာ အရှုံးပေးလွယ်သူ..။
ကိုယ်ဟာ..........
ကိုယ်ဟာ ခပ်ထုံထုံ ခပ်အအ တစ်ယောက်သာ ဖြစ်နေတယ်...
ဖြစ်ခဲ့တယ်..။




 

Wednesday, October 27, 2010

27th Oct : 2010

ဆောင်းဝင်လာနေပြီ...။
မနက် သင်တန်းသွားတော့ တော်တော်အေးနေပြီ..။
မိုးအုံ့နေတယ်...။
အခြေအနေ ကောင်းနေတယ်...။
မိုးဖွဲဖွဲ ရွာနေတယ်..။
..............................။
........................
..............................
မိုးဖွဲဖွဲ ရွာနေတယ်..။
ခွေးချေးပုံတက်နင်းမိတယ်...။
တောက် ....
နံလိုက်တာ..။
ကားတစ်စီးက 
မိုးဖွဲတွေထဲမှာ အေးအေးလူလူ အထီးကျန်ဆန်ဆန် ရပ်ထားတဲ့
ကိုယ့်ဆိုင်ကယ်ကို တိုက်မိတယ်..။
ကားပိုင်ရှင် ခွေးချေးပုံတက်နင်းမိပြန်တယ်..။
ဆိုင်ကယ်ရပ် ထားမိတဲ့ ကိုယ့်အပြစ်..။
ခွေးချေးပုံ မရှင်းမိတဲ့ ကိုယ့်အပြစ်...။
မိုးဖွဲဖွဲ ရွာနေတာလည်း ကိုယ့်အပြစ်...။
....................
တကယ်တော့...
ကိုယ့် အပြစ်ချည်းပါပဲ..။
အပြင်မှာ ...
မိုး ဖွဲဖွဲ ရွာနေတုန်းပဲ..။








Sunday, October 24, 2010

လပြည့်ည

ဆံပင်တွေ ရှည်နေပြီ..။
ဆံပင်ညှပ်ဆိုင်သွားတော့ ကိုယ့်ဆရာမက ၃ယောက်လောက်တန်းစီနေတယ် ပြောတယ်။
နောက်ရက်ပေါ့..။
ညကြီးမင်းကြီး ကော်ဖီသောက်ချင်နေတယ်..။
7-11မှာ အအေးတစ်ဘူးနဲ့ အာလူးကြော်ထိုင်စားလိုက်တယ်..။
လမင်းကြီးကို ဖျတ်ကနဲ့ တွေ့လိုက်တယ်..။
လပြည့်နေ့မှန်း အိပ်ယာပေါ်ရောက်မှ သိရတယ်..။
ပြန်စဉ်းစားနေတယ်..
ဒီနေ့တစ်နေ့လုံး ကိုယ်ပြောနေတာနဲ့ ကိုယ့်တွေးနေတာတွေ
တလမ်းစီဖြစ်နေတယ်..။
ကိုယ် 
စကားတွေ ပြောချင်နေတယ်...။
တိုင်တည်ချင်တယ်..။
ငိုကြွေးချင်တယ်..။
ငိုင်တွေချင်တယ်..။
အကြံရယူချင်တယ်..။
ညည်းတွားချင်တယ်..။

ကျနော်ဟာ..
မာကျောတယ်..။
ပျော့ပြောင်းတယ်..။
ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက် နေနိုင်တယ်..။
ရယ်မောသံ ကျယ်တယ်..။
စိတ်ညစ်စရာ ဘေးဖယ်ထားတတ်တယ်..။
...............
.......................။


ကျနော် သနားစရာမကောင်းပါဘူး..။
ကျနော် သနားတတ်ပါတယ်..။
ကျနော့်ဝိဥာဉ်  ....

အထီးကျန်နေတယ်..။