Thursday, October 21, 2010

မိုးနေ့ ၂၁. ၁၀. ၂၀၁၀

မိုးတွေရွာနေတယ်..။ 
နေ့စဉ်ရက်ဆက်ရွာနေလိုက်တာ ၄ရက်ရှိနေပြီ..။
မနက် သင်တန်း မသွားလိုဘူး..။ ဒါပေမယ့် သွားရပေဦးမယ်..။
သူစိမ်းဆန်တဲ့ မျက်နှာတွေ မဆုံချင်လည်း မြင်ရဦးမယ်..။
စိတ်လှုပ်ရှားလွယ်တဲ့ ကိုယ့်ကိုယ့်ကို မထိန်းချုပ်နိုင်ဘူး..။
လိုချင်တာ ရအောင်လုပ်တတ်တဲ့ကိုယ့်စိတ်တွေ ပျောက်ဆုံးနေတယ်..။
အထင်သေးတဲ့မျက်ဝန်းတွေ ...ရယ်စရာသတ္တဝါလိုတီးတိုးပြောဆိုနေကြတဲ့
ပါးစပ်ပေါက်တွေကို မုန်းတီးလိုက်တာ..။ 

မုန်းစရာကြီးတွေလို့ စိတ်ထဲကနေ ရေရွတ်ရုံကလွှဲလို့   ဘာများတတ်နိုင်အုန်းမှာလဲ...။
တစ်ခုတော့ ရှိတာပေါ့ ။ 
ကိုယ့်စိတ်တွေ အာရုံတွေ စုစည်းပြီး အကောင်းဆုံးလုပ်နိုင်ရုံပါပဲ...။
(ဒီနေ့အဖို့ ကိုယ် အညံ့ဆုံးဖြစ်ခဲ့ရတယ် ..)



မိုးစက်တွေ ကားထဲလွှင့်စင်လာတယ်..။
မိုးစက်တွေကို ဂရုစိုက်နေရမှာလား..။ ကိုယ့်အလုပ် ကိုယ် ဆက်လုပ်ရမှာလား..။
ဂျင်းဘောင်းဘီဘယ်ဖက်တခြမ်းရွှဲစိုနေပြီ..။  
ငါ အောင်မြင်ရမှာပါ ...။
ငါ့ခေါင်းတစ်ခေါင်းလုံး ရွှဲရွှဲစိုနေပြီ.....။ 
ငါ အားလျှော့လို့ မဖြစ်သေးပါဘူး...။
အချိန်စေ့နေပြီ ....................တဲ့..။
ငါ ရပ်လိုက်လို့ မဖြစ်သေးပါဘူး..။
အလုပ် ပြီးမြှောက်တယ် ဆိုတာထက် အကောင်းဆုံးပြီးမြှောက်အောင် လုပ်ချင်တယ်..။

အပြန်လမ်းမှာ မိုးတွေ ရွာနေတယ်...။
သဲသဲမဲမဲကို ရွာနေတယ်...။
မိုးရွာနေတယ်လေ...။


 





No comments:

Post a Comment