မနက်နိုးထ ကတည်းကအတွေးတွေနဲ့..။
အတွေးတွေထဲမှာပဲ တွေးနေမိချင်တယ်..။
အတွေးထဲ တွေးနေတုန်း ငါ နာကျင်ရတဲ့ ၃လပိုင်းကို တွေးမိနေပြန်တယ်..။
လွန်ခဲ့သော ...နှစ်ရဲ့ ၁၈ရက်နေ့မှာ ငါ နာကျင်ပြီးမှ ရရှိမဲ့ လက်ဆောင်တစ်ခုကို
ဝမ်းသာကြည်နှူးပြီး ငါရရှိခဲ့တယ်...။
လွန်ခဲ့သော ၈နှစ်မှာတော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်စုံတစ်ခုကြောင့်....
စိတ် နာကျင်ခဲ့ရတယ်..။ အခုထိလည်း တနုံ့နုံ့ပါပဲ..။
အခုချိန်ထိ ငါ့ရဲ့ နာကျင်ရတဲ့စိတ်တွေကို မဖြေနိုင်သေး။
နာကျင်စွာ သွားခဲ့..။
နာကျင်စွာ ထားခဲ့...။
ဒီလိုနဲ့ နှစ်တွေ ကြာညောင်းလာပေါ့..။
...................
..........................
...............
.....................
မိုက်မဲစွာနဲ့ သံယောဇဉ်ဖြစ်မိပြန်တယ်..။
မိုက်မဲစွာနဲ့ပဲ ခိုင်မာတယ် ယုံကြည်နေတယ်..။
.............................
မနှစ်က ဒီလို ၃လပိုင်းရဲ့ ၁၄ရက်နေ့ထိ ငါတို့တွေ ပျော်ပျော်ရွှင်ရွှင်ပါပဲ..။
ကြည်ကြည်နှူးနှူးနဲ့ စကားတွေဖောင်ဖွဲ့..။
တစ်ယောက်ကို တစ်ယောက် ပြောမကုန်တဲ့ စကားလုံးတွေနဲ့..။
(ငါထင်ပါတယ်...)
အထိမ်းအမှတ်နေ့တွေကို မေ့ထားလိုက်ချင်တယ်..။
အထူးသဖြင့် ...........
နာကျင်စေတဲ့ အထိမ်းအမှတ်နေ့တွေကိုပေါ့..။
ဒီိလိုနဲ့ တစ်ရက်ပြီး တစ်ရက်...
တစ်လပြီး တစ်လ....
တစ်နှစ်ပြီး တစ်နှစ်...
လူမသိ သူမသိ မျက်ရည်စတွေနဲ့...။
Tuesday, March 1, 2011
Friday, February 25, 2011
Monday, February 14, 2011
အတိတ်
မိုးရွာနေတယ်....
ငါ တွေးချင်ရာ တွေးနေတယ်...........
အမေ့ကို တွေးမိတယ်..
ဖုန်း မရဘူး..
ငါ ပျင်းနေတယ်...
ပျင်းပျင်းနဲ့ ပျင်းရမှာတောင် ပျင်းနေတယ်...
ပျင်းလို့ လုပ်သင့်တဲ့ စာရင်းတွေ မလုပ်ချင်...
ငါ လွမ်းဆွတ်နေတယ်...
ငါ ကြည်နှူးခဲ့တဲ့ နေ့တွေကို..
ငါ ယုံကြည်ခဲ့တယ်...
ငါ မှန်ရာ ငါလုပ်ခဲ့တယ်..
ငါ ထင်တာ မြင်သလိုပြောခဲ့တယ်...
ငါစိုးရိမ်နေတာကို ထုတ်ဖေါ်ဖွင့်ပြောခဲ့တယ်..
ငါ့ရဲ့ သိစိတ်က ဆန္ဒကို ဖွင့်ပြောခဲ့တယ်..
ငါ့ရဲ့ မသိစိတ်ကလေး သနားစရာကောင်းနေခဲ့တယ်...
ငါ ဆိုးခဲ့တယ်...
(အဲ့တာ ချစ်လို့..)
ငါ နွဲ့ခဲ့တယ်..
(ဒါလည်း ချစ်လို့ပါပဲ..)
ငါ အနိုင်ယူခဲ့တယ်..
(ငါ အနိုင်ယူလို့ရတာ နင်တယောက်ပဲ ရှိတာကို...)
ငါ သံသယရှိခဲ့တယ်...
(ဒါ..အလကားသက်သက် မိန်းမဆန်ကြည့်တာပါ..)
ငါ ဟာ အရှုပ်ထုပ်...
ငါ ဟာ ချီးထုပ်..
( ဒါ နင် ငါ့ကို ခေါ်ခေါ်နေတဲ့ နာမည်ပဲလေ)
ငါဟာ အလကား...
ငါဟာ ....
........................
ငါ တွေးနေတယ်...
ငါတွေးနေတုန်းပဲ...
အရင်လို အတွေးတွေထဲမှာ ...
ဆုံခွင့်ရှိနိုင်ဦးမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့..။
ဝန်ခံချက် ။ ။ ပုံကို အင်တာနက်မှ ယူပါသည်..။
Saturday, February 12, 2011
အရှုံး
ငါဟာ..
နာကျင်ရင်းနဲ့ သတိရမိနေတယ်..။
နာကျင်စွာနဲ့ တမ်းတနေတယ်..။
နာကျင်ခြင်းများစွာနဲ့ လွမ်းဆွေးနေတယ်....။
နာကျင်မှုတွေကြားမှာ ကြေကွဲနေတယ်..။
နာကျင်စွာနဲ့ မြေပုံမှာ အဖြေရှာမိနေတယ်..။
နာကျင်စွာနဲ့ပဲ စိတ်ကူးယဉ်နေတယ်..။
နာကျင်စွာနဲ့...ငိုကြွေးနေတယ်..
နောက်ဆုံးတော့...
ငါဟာ..
အရှုံးတွေချည်းပဲ...။
နာကျင်ရင်းနဲ့ သတိရမိနေတယ်..။
နာကျင်စွာနဲ့ တမ်းတနေတယ်..။
နာကျင်ခြင်းများစွာနဲ့ လွမ်းဆွေးနေတယ်....။
နာကျင်မှုတွေကြားမှာ ကြေကွဲနေတယ်..။
နာကျင်စွာနဲ့ မြေပုံမှာ အဖြေရှာမိနေတယ်..။
နာကျင်စွာနဲ့ပဲ စိတ်ကူးယဉ်နေတယ်..။
နာကျင်စွာနဲ့...ငိုကြွေးနေတယ်..
နောက်ဆုံးတော့...
ငါဟာ..
အရှုံးတွေချည်းပဲ...။
Tuesday, February 8, 2011
နတ္တိ
စာရေးလိုက်တော့ ပိုငိုချင်သွားတယ်..။
ဘာပြောရမှာလဲ..။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ..။
ဘာမှ မရှိဘူး.။
ဘာမှ မမျှော်လင့်ဘူး.။
ဘာမှ မဟုတ်ဘူး.။
ဘာမှ ဆို...
ဘာမှ...
.............။
ဘာပြောရမှာလဲ..။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ..။
ဘာမှ မရှိဘူး.။
ဘာမှ မမျှော်လင့်ဘူး.။
ဘာမှ မဟုတ်ဘူး.။
ဘာမှ ဆို...
ဘာမှ...
.............။
Thursday, January 27, 2011
ဒေါသစိတ်
ဒေါသစိတ်...
ကိုယ့်ရဲ့ ဒေါသစိတ်ကို ကိုယ်မထိန်းနိုင်တော့ဘူး..။
ဒေါသတွေ အလျှံတညီးညီး တောက်လောင်နေတယ်..။
မျက်ဝန်းက မီးတောက်တွေနဲ့..။
လေသံတွေ ထန်ထန်..။
မြင်မြင်သမျှ အရာအားလုံး ကန့်လန့်ဖြစ်လို့နေ...။
ကိုယ့်ရဲ့ ဒေါသစိတ်ကို ကိုယ်မထိန်းနိုင်တော့ဘူး..။
ဒေါသတွေ အလျှံတညီးညီး တောက်လောင်နေတယ်..။
မျက်ဝန်းက မီးတောက်တွေနဲ့..။
လေသံတွေ ထန်ထန်..။
မြင်မြင်သမျှ အရာအားလုံး ကန့်လန့်ဖြစ်လို့နေ...။
Tuesday, January 4, 2011
ပေါ့ပေါ့ပါးပါး...
တခါတခါလည်း ပေါ့ပေါ့ပါးပါး နေချင်တာပေါ့..။
တခါတခါလည်း ပေါ့ပေါ့ပါးပါး ဖြစ်ချင်တာပေါ့..။
တခါတခါလည်း ပေါ့ပေါ့ပါးပါး တွေးကြည့်ချင်တာပေါ့..။
ပေါ့ပေါ့ပါးပါးငေး...
ပေါ့ပေါ့ပါးပါးရေး..
ပေါ့ပေါ့ပါးပါးလေး...။
မှတ်ချက် ။ ။ ပုံကိုအင်တာနက်မှ ယူပါသည်။
Subscribe to:
Posts (Atom)

