ငိုလို့မရ...
ရယ်လို့ မရ..
မြိုသိပ် မရ..
အန်ထုတ် မရ...
စဉ်းစား မရ..
ငေးငိုင် မရ..
တွေးတော မရ..
ဥပေက္ခာပြု လို့မရ...
ဝေခွဲ မရ...
ဝေမျှ မရ...
လွမ်း မရ..
ဆွေး မရ...
.......
.............
မရ တာတွေထဲမှာ..
ငါ အစာမကြေဖြစ်နေတယ်..။
Sunday, September 4, 2011
Wednesday, August 31, 2011
သင့်..မသင့်
ကိုယ့်ဒုက္ခ သူများရှာလာပေးတယ်..။
ကိုယ်ဟာ..ဒီစည်းဝိုင်းထဲ ဝင်မလာသင့်ဘူး.။
ကိုယ်ဟာ ဒီကစားဝိုင်းထဲ ဝင်မလာသင့်ဘူး.။
ဒီစကားကို မပြော သင့်ခဲ့ဘူး.။
ဒီအကူအညီကို မပေးသင့်ခဲ့ဘူး..။
ဒီအချိန်တွေ မမျှဝေသင့်ဘူး..။
ဒီအသံတွေ...
ဒီအတွေးတွေ...
ဒီအမြင်တွေ...
ဒီရင်ခုန်သံတွေ...
ဒီ........
.........................
...............
.........
......................
အရာရာပေါ့.....
အရာရာ ခပ်ကင်းကင်းနေသင့်တယ်..။
ကိုယ်ဟာ..ဒီစည်းဝိုင်းထဲ ဝင်မလာသင့်ဘူး.။
ကိုယ်ဟာ ဒီကစားဝိုင်းထဲ ဝင်မလာသင့်ဘူး.။
ဒီစကားကို မပြော သင့်ခဲ့ဘူး.။
ဒီအကူအညီကို မပေးသင့်ခဲ့ဘူး..။
ဒီအချိန်တွေ မမျှဝေသင့်ဘူး..။
ဒီအသံတွေ...
ဒီအတွေးတွေ...
ဒီအမြင်တွေ...
ဒီရင်ခုန်သံတွေ...
ဒီ........
.........................
...............
.........
......................
အရာရာပေါ့.....
အရာရာ ခပ်ကင်းကင်းနေသင့်တယ်..။
Thursday, August 25, 2011
အခက်တွေ့ခြင်း
ဟိုမှာတွေ့တယ်...
ဒီမှာတွေ့တယ်..
(ရုပ်ပုံလွှာကို..)
ဟိုက ကြားတယ်..
ဒီက ကြားတယ်...
(သတင်းတွေကို..)
ဟိုလိုပြောတယ်....
ဒီလိုပြောတယ်..
(နှစ်ဦးသား ကြား..)
ဒီလိုနဲ့..............
ဟိုဟာဖြစ်တယ်...
ဒီဟာဖြစ်တယ်..
ဟိုလို ကောင်းတယ်..
ဒီလိုကောင်းတယ်...
ဟိုလို လက်ခံတယ်..
ဒီလို ငြင်းလိုက်တယ်...
ဟိုလို စတယ်..
ဒီလို ဆိုးတယ်...
ဟိုလို ဟားတယ်...
ဒီလို မှားတယ်...
တစ်နေ့နေ့တော့...
ခက်ချေဦးမယ်...။
ဒီမှာတွေ့တယ်..
(ရုပ်ပုံလွှာကို..)
ဟိုက ကြားတယ်..
ဒီက ကြားတယ်...
(သတင်းတွေကို..)
ဟိုလိုပြောတယ်....
ဒီလိုပြောတယ်..
(နှစ်ဦးသား ကြား..)
ဒီလိုနဲ့..............
ဟိုဟာဖြစ်တယ်...
ဒီဟာဖြစ်တယ်..
ဟိုလို ကောင်းတယ်..
ဒီလိုကောင်းတယ်...
ဟိုလို လက်ခံတယ်..
ဒီလို ငြင်းလိုက်တယ်...
ဟိုလို စတယ်..
ဒီလို ဆိုးတယ်...
ဟိုလို ဟားတယ်...
ဒီလို မှားတယ်...
တစ်နေ့နေ့တော့...
ခက်ချေဦးမယ်...။
Tuesday, August 23, 2011
၂၂-၀၈-၂၀၁၁နှောင်းပိုင်း
စိတ်တွေ မတည်ငြိမ်နိုင်ဘူး.။
စိတ်ရှုပ်တယ်..။
စိတ်ညစ်တယ်.။
စိတ်ကျတယ်.။
စိတ်ပျော့တယ်..။
စိတ်ခြောက်တယ်..။
စိတ်ကစားတယ်.။
စိတ် အတက်အကျမြန်တယ်..။
စိတ်မရေရာဘူး.။
ဝမ်းနည်းတယ်..။
ဝမ်းနည်း နေတယ်..။
ဝမ်းနည်းနေရတာ ရင်နာတယ်..။
ဝမ်းနည်းနေတဲ့ အကြောင်းကို ဖွင့်ပြောချင်တယ်..။
ဝမ်းနည်းနေတဲ့အကြောင်းကို ဖွင့်ပြောမိတယ်..။
ဝမ်းနည်းနေတဲ့အကြောင်းကို မပြောသင့်သူကို အကြောင်းကြားမိတယ်..။
စိတ်တွေ လွှင့်နေတယ်..။
စိတ်တွေ လွှင့်နေတာ လိုက်လို့ မမှီအောင်ပဲ..။
စိတ်တွေ ပြေးနေတယ်..။
ခြေလှမ်းတွေ လိုက်လို့ မမှီအောင်ပဲ....စိတ်တွေ ပြေးနေတယ်..။
ခုံတန်းပေါ် ထိုင်ပြီး စိတ်တွေနောက် အပြေးလိုက်ချင်တယ်.။
မြက်ခင်းပေါ်လှဲပြီး စိတ်တွေနောက် အပြေးလိုက်ချင်တယ်..။
ဒါပေမဲ့...
မျက်ရည်တွေက ဦးသွားတယ်..။
စိတ်ရှုပ်တယ်..။
စိတ်ညစ်တယ်.။
စိတ်ကျတယ်.။
စိတ်ပျော့တယ်..။
စိတ်ခြောက်တယ်..။
စိတ်ကစားတယ်.။
စိတ် အတက်အကျမြန်တယ်..။
စိတ်မရေရာဘူး.။
ဝမ်းနည်းတယ်..။
ဝမ်းနည်း နေတယ်..။
ဝမ်းနည်းနေရတာ ရင်နာတယ်..။
ဝမ်းနည်းနေတဲ့ အကြောင်းကို ဖွင့်ပြောချင်တယ်..။
ဝမ်းနည်းနေတဲ့အကြောင်းကို ဖွင့်ပြောမိတယ်..။
ဝမ်းနည်းနေတဲ့အကြောင်းကို မပြောသင့်သူကို အကြောင်းကြားမိတယ်..။
စိတ်တွေ လွှင့်နေတယ်..။
စိတ်တွေ လွှင့်နေတာ လိုက်လို့ မမှီအောင်ပဲ..။
စိတ်တွေ ပြေးနေတယ်..။
ခြေလှမ်းတွေ လိုက်လို့ မမှီအောင်ပဲ....စိတ်တွေ ပြေးနေတယ်..။
ခုံတန်းပေါ် ထိုင်ပြီး စိတ်တွေနောက် အပြေးလိုက်ချင်တယ်.။
မြက်ခင်းပေါ်လှဲပြီး စိတ်တွေနောက် အပြေးလိုက်ချင်တယ်..။
ဒါပေမဲ့...
မျက်ရည်တွေက ဦးသွားတယ်..။
Friday, July 8, 2011
လွမ်းရတဲ့ ညတွေ လွန်ပါစေ..။
လွမ်းရတဲ့ ညတွေ လွန်ပါစေ...
လွမ်းရတဲ့ နံနက်ခင်းတွေ...
လွမ်းရတဲ့ အလုပ်သွားချိန်တွေ..
လွမ်းရတဲ့ ဖုန်းပြောချိန်တွေ...
လွမ်းရတဲ့ (သူ့အကြောင်းပါတဲ့) အတွေးတွေ...
လွမ်းရတဲ့ (သူရေးတဲ့..) မေးလ်တွေ...
လွမ်းရတဲ့ နုတ်ဆက်ခြင်းတွေ...
လွမ်းရတဲ့ ချစ်ခြင်းတွေ...
လွမ်းရတဲ့ ချွဲနွဲ့ခြင်းတွေ...
လွမ်းရတဲ့ သက်ပြင်းသံတွေ...
လွမ်းရတဲ့ စိတ်ကောက်ခြင်းတွေ...
လွမ်းရတဲ့ နွေးထွေးသံတွေ....
လွမ်းရတဲ့....
လွမ်းရတဲ့...............
လွမ်းရတဲ့.............................
လွမ်းရတဲ့ ညတွေ လွန်ပါစေ...။
ဝန်ခံချက် ။ ။ သီချင်းနာမည် ကို အသုံးပြုထားပါသည်..။
လွမ်းရတဲ့ နံနက်ခင်းတွေ...
လွမ်းရတဲ့ အလုပ်သွားချိန်တွေ..
လွမ်းရတဲ့ ဖုန်းပြောချိန်တွေ...
လွမ်းရတဲ့ (သူ့အကြောင်းပါတဲ့) အတွေးတွေ...
လွမ်းရတဲ့ (သူရေးတဲ့..) မေးလ်တွေ...
လွမ်းရတဲ့ နုတ်ဆက်ခြင်းတွေ...
လွမ်းရတဲ့ ချစ်ခြင်းတွေ...
လွမ်းရတဲ့ ချွဲနွဲ့ခြင်းတွေ...
လွမ်းရတဲ့ သက်ပြင်းသံတွေ...
လွမ်းရတဲ့ စိတ်ကောက်ခြင်းတွေ...
လွမ်းရတဲ့ နွေးထွေးသံတွေ....
လွမ်းရတဲ့....
လွမ်းရတဲ့...............
လွမ်းရတဲ့.............................
လွမ်းရတဲ့ ညတွေ လွန်ပါစေ...။
ဝန်ခံချက် ။ ။ သီချင်းနာမည် ကို အသုံးပြုထားပါသည်..။
Friday, July 1, 2011
ဒွိဟ
ရာသီဥတုပြောင်းလဲနေတယ်..။
ဆံပင်ပုံပြောင်းလဲထားတယ်..။
အသားအရည်တွေ ပြောင်းလဲကုန်တယ်..။
ဘေးက လူတွေ ပြောင်းလဲနေတယ်..။
အဝေးကလူတွေလည်း ပြောင်းလဲနေတယ်..။
အနီးက လူတွေ ပြောင်းလဲနေတယ်..။
အရာအားလုံးပြောင်းလဲနေတယ်..။
(ငါတော့..)
ထနေကျ အချိန် အိပ်ယာထရတယ်..။
သွားနေကျနေရာ သွားတယ်..။
စားနေကျ အစာတွေစားတယ်..။
ပြောနေကျ စကားတွေ ပြောတယ်..။
တွေးနေကျ အတွေးတွေတွေးတယ်..။
ဆွေးနေကျ အဆွေးတွေနဲ့..။
လွမ်းနေကျ အလွမ်းလေး အဖော်ပြုလို့ပေါ့.။
(ငါ..........)
ပြောင်းလဲရမယ်..။
(ငါ..)
ပြောင်းလဲနေတုန်း....
(ငါ..)
ပြောင်းလဲနေဆဲ..
(ငါ...)
...............
ငါ...
မပြောင်းလဲ သေးပါဘူးလေ...။
ဆံပင်ပုံပြောင်းလဲထားတယ်..။
အသားအရည်တွေ ပြောင်းလဲကုန်တယ်..။
ဘေးက လူတွေ ပြောင်းလဲနေတယ်..။
အဝေးကလူတွေလည်း ပြောင်းလဲနေတယ်..။
အနီးက လူတွေ ပြောင်းလဲနေတယ်..။
အရာအားလုံးပြောင်းလဲနေတယ်..။
(ငါတော့..)
ထနေကျ အချိန် အိပ်ယာထရတယ်..။
သွားနေကျနေရာ သွားတယ်..။
စားနေကျ အစာတွေစားတယ်..။
ပြောနေကျ စကားတွေ ပြောတယ်..။
တွေးနေကျ အတွေးတွေတွေးတယ်..။
ဆွေးနေကျ အဆွေးတွေနဲ့..။
လွမ်းနေကျ အလွမ်းလေး အဖော်ပြုလို့ပေါ့.။
(ငါ..........)
ပြောင်းလဲရမယ်..။
(ငါ..)
ပြောင်းလဲနေတုန်း....
(ငါ..)
ပြောင်းလဲနေဆဲ..
(ငါ...)
...............
ငါ...
မပြောင်းလဲ သေးပါဘူးလေ...။
Tuesday, June 28, 2011
ဆုံးရှုံးခြင်း
မပိုင်ဆိုင်ခင်ကတည်းက ဆုံးရှုံးနေရတာပါ..။
ဒီဇာတ်လမ်းကို ငါကပဲစခဲ့တာ..။
ငါ့ရဲ့ ဖော်ရွေမှုက ငါ့ကို ချောက်ထဲ တွန်းခဲ့တာ။
ငါ့ရဲ့ ပွင့်လင်းမှုက ငါ့ကို လမ်းဖွင့်ပေးခဲ့တာ..။
ငါ့ရဲ့ ရိုးသားမှုက ငါ့ရဲ့ ရှေ့ဆောင်လမ်းပြ..။
(ထင်ပါတယ်.. ရိုးသားမယ်လို့..)
ငါဟာ..အရာရာကို ဆုံးရှုံးခဲ့ရပြီ..။
Subscribe to:
Posts (Atom)