Friday, February 25, 2011

သိနှင့်နေသား..။

သိနှင့်နေသား...။
ဒီလို ရလဒ်နဲ့ ကြုံရမယ်ဆိုတာ..။
 

Monday, February 14, 2011

အတိတ်


မိုးရွာနေတယ်....
ငါ တွေးချင်ရာ တွေးနေတယ်...........
အမေ့ကို တွေးမိတယ်..
ဖုန်း မရဘူး..
ငါ ပျင်းနေတယ်...
ပျင်းပျင်းနဲ့ ပျင်းရမှာတောင် ပျင်းနေတယ်...
ပျင်းလို့ လုပ်သင့်တဲ့ စာရင်းတွေ မလုပ်ချင်...
ငါ လွမ်းဆွတ်နေတယ်...
ငါ ကြည်နှူးခဲ့တဲ့ နေ့တွေကို..
ငါ ယုံကြည်ခဲ့တယ်...
ငါ မှန်ရာ  ငါလုပ်ခဲ့တယ်..
ငါ ထင်တာ မြင်သလိုပြောခဲ့တယ်...
ငါစိုးရိမ်နေတာကို ထုတ်ဖေါ်ဖွင့်ပြောခဲ့တယ်..
ငါ့ရဲ့ သိစိတ်က ဆန္ဒကို ဖွင့်ပြောခဲ့တယ်..
ငါ့ရဲ့ မသိစိတ်ကလေး သနားစရာကောင်းနေခဲ့တယ်...
ငါ ဆိုးခဲ့တယ်...
(အဲ့တာ ချစ်လို့..)
ငါ နွဲ့ခဲ့တယ်..
(ဒါလည်း ချစ်လို့ပါပဲ..)
ငါ အနိုင်ယူခဲ့တယ်..
(ငါ အနိုင်ယူလို့ရတာ နင်တယောက်ပဲ ရှိတာကို...)
ငါ သံသယရှိခဲ့တယ်...
(ဒါ..အလကားသက်သက် မိန်းမဆန်ကြည့်တာပါ..)
ငါ ဟာ အရှုပ်ထုပ်...
ငါ ဟာ ချီးထုပ်..
( ဒါ နင် ငါ့ကို ခေါ်ခေါ်နေတဲ့ နာမည်ပဲလေ)
ငါဟာ အလကား...
ငါဟာ ....
........................
ငါ တွေးနေတယ်...
ငါတွေးနေတုန်းပဲ...
အရင်လို အတွေးတွေထဲမှာ ...
ဆုံခွင့်ရှိနိုင်ဦးမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့..။


ဝန်ခံချက် ။ ။ ပုံကို အင်တာနက်မှ ယူပါသည်..။



 

Saturday, February 12, 2011

အရှုံး

ငါဟာ..
နာကျင်ရင်းနဲ့ သတိရမိနေတယ်..။
နာကျင်စွာနဲ့ တမ်းတနေတယ်..။
နာကျင်ခြင်းများစွာနဲ့ လွမ်းဆွေးနေတယ်....။
နာကျင်မှုတွေကြားမှာ ကြေကွဲနေတယ်..။
နာကျင်စွာနဲ့ မြေပုံမှာ အဖြေရှာမိနေတယ်..။
နာကျင်စွာနဲ့ပဲ စိတ်ကူးယဉ်နေတယ်..။
နာကျင်စွာနဲ့...ငိုကြွေးနေတယ်..
နောက်ဆုံးတော့...
ငါဟာ..
အရှုံးတွေချည်းပဲ...။

Tuesday, February 8, 2011

နတ္တိ

စာရေးလိုက်တော့ ပိုငိုချင်သွားတယ်..။
ဘာပြောရမှာလဲ..။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ..။
ဘာမှ မရှိဘူး.။
ဘာမှ မမျှော်လင့်ဘူး.။
ဘာမှ မဟုတ်ဘူး.။
ဘာမှ ဆို...
ဘာမှ...
.............။

Thursday, January 27, 2011

ဒေါသစိတ်

ဒေါသစိတ်...
ကိုယ့်ရဲ့ ဒေါသစိတ်ကို ကိုယ်မထိန်းနိုင်တော့ဘူး..။
ဒေါသတွေ အလျှံတညီးညီး တောက်လောင်နေတယ်..။
မျက်ဝန်းက မီးတောက်တွေနဲ့..။
လေသံတွေ ထန်ထန်..။
မြင်မြင်သမျှ အရာအားလုံး ကန့်လန့်ဖြစ်လို့နေ...။

Tuesday, January 4, 2011

ပေါ့ပေါ့ပါးပါး...



တခါတခါလည်း   ပေါ့ပေါ့ပါးပါး နေချင်တာပေါ့..။
တခါတခါလည်း ပေါ့ပေါ့ပါးပါး ဖြစ်ချင်တာပေါ့..။
တခါတခါလည်း ပေါ့ပေါ့ပါးပါး တွေးကြည့်ချင်တာပေါ့..။
ပေါ့ပေါ့ပါးပါးငေး...
ပေါ့ပေါ့ပါးပါးရေး..
ပေါ့ပေါ့ပါးပါးလေး...။



မှတ်ချက် ။ ။ ပုံကိုအင်တာနက်မှ ယူပါသည်။
 

Saturday, January 1, 2011

အတွေး

ဘယ်လို ရှေ့ဆက်ရမယ် ဆိုတာ တကယ်ကို မသိတော့ပြီ..။
ဘယ်သူ့ကို အပြစ်တင်ရမလဲ..။
နင့်ကိုလား..။
ငါ့ကိုယ် ငါလား..။
အဖြစ်အပျက်တွေကိုလား..။
ငါ...
ရူးချင်တယ်..။
ငါ ..
ခံစားချက်မရှိသူဖြစ်ချင်တယ်..။
ငါ...
...............။
 
ခရီးတခုအပြန်မှာ ..ငါဟာ အတွေးတွေထဲမှာ..။

အတွေးတွေထဲမှာ......
ကိုယ့်ကိုယ်ကို ဒေါသထွက်နေတယ်.။
ကိုယ့်ကိုယ်ကို သနားနေတယ်..။
အတွေးတွေထဲမှာ..
သူ့မျက်နှာ မြင်ယောင်လာတယ်..။
သူပြုံးနေတယ်..။
သူပြုံးပြီး ငါ့အဖြစ်တွေကို ကြည့်နေတယ်..။



နင်က ငါ့စိတ်ကို မာစေချင်တယ်..။
သူက ငါ့ကို ဖေးမချင်တယ်..။

ငါ့မှာ သူမရှိတော့သလို...
နင့်မှာလဲ.....ငါမရှိတော့ပါဘူး..။