Showing posts with label ခံစားချက် သီချင်း. Show all posts
Showing posts with label ခံစားချက် သီချင်း. Show all posts

Friday, October 29, 2010

ခရီးများ အဆုံးထိ

မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့...
ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့....
ခံစားချက် တူညီ...( ရှိခဲ့တဲ့    နောက်.................)

မင်းရဲ့ အတွေးများနဲ့...
ငါ့ရဲ့အတွေးများနဲ့...
အနာဂတ်သစ် တူညီ...( ထားခဲ့တဲ့ နောက်တော့.....)


ခမ်းနားခြင်းကင်းမဲ့...
အရိုးသားဆုံး ခရီးတစ်ခု...
ငါတို့ နှစ်ယောက်ကိုယ်တိုင်...
ရွေးထားခဲ့ပြီး....



သဘောထားများ အပြည့်နဲ့...

ဆူးလမ်းများ နင်းဖြတ်...
ဘာဖြစ်ဖြစ်ပါကွယ်...
ခရီးများ အဆုံးထိလျှောက်...


အဆိုးများ ကြုံကြိုက်တုန်းမှာ...
ဒုက္ခတွေဟာ ခဏပါ...
အနမ်းများကို အသက်သွင်းကာ...
ခရီးများ အဆုံးထိလျှောက်..

လက်တွေ့ဟာ ရင်ဘတ်မှာ..
လမ်းဆုံးဟာ ခဏလေးပါ..
အနမ်းများကို အသက်သွင်းကာ..
ခရီးများ အဆုံးထိလျှောက်...
ခရီးများ အဆုံးထိလျှောက် ...
ခရီးများအဆုံးထိ လျှောက်.....


 မှတ်ချက် ။     ။
အတိတ် တုန်းက
တူတူခံစား..
တူတူ နားထောင်..
တူတူ တွေး..
တူတူ ငေး...
တူတူပဲပေါ့...။